iSpeak Austin မြန်မာစကား  |  iSpeak Austin ရင်းမြစ်မျာ  |  iSpeak Austin ထပ်ဆောင်း ရင်းမြစ်မျာ  |  မှတ်ချက်များနှင့် တိုင်ကြာ  |  ဘာသာစကား ရယူအသုံးပြုခွင့် မူဝါဒ

ဘာသာစကား ရယူအသုံးပြုခွင့် ကတ်များ

ဘာသာစကား ရယူအသုံးပြုနိုင်ရေး ဝန်ဆောင်မှုများ တောင်းဆိုရန် သင်၏ iSpeak ဘာသာစကား ရယူအသုံးပြုခွင့် ကတ်များကို သုံးပါ။

ဤပိုက်ဆံအိတ်အရွယ် ကတ်များကို အခမဲ့ ဒေါင်းလုဒ်ဆွဲပြီး ပုံနှိပ်နိုင်သည်။

ကတ်များတွင် ဖော်ပြရမည့်အရာများ- ကျွန်ုပ်က [သင့်ဘာသာစကား] ကို ပြောပါသည်။ ကျွန်ုပ်တို့ ဆက်သွယ်ပြောဆိုနိုင်စေရန် စကားပြန်ထံ ဆက်သွယ်ပါ။

Graphics showing where the card can be used schools, hospitals, courts, etc.

*ဝန်ဆောင်မှုများ လက်ခံရန် သင့်အတွက် ဤကတ် မလိုအပ်ပါ။

ညွှန်ကြားချက်များ-

iSpeak Austin ဘာသာစကား ရယူအသုံးပြုမှု ကတ်ကို ရယူရန်နှင့် အသုံးပြုရန် နည်းလမ်းလေးခု ရှိသည်။ ဘာသာစကား ရယူအသုံးပြုခွင့် ကတ်များကို နှိပ်ပါ။ သင့်ဘာသာစကားကို ရှာပါ။ သင့်ဘာသာစကားပေါ်တွင် နှိပ်ပါ။ ထို့နောက် သင်က

1) စာရွက်စာတမ်းကို ပုံနှိပ်နိုင်သည်။ စာမျက်နှာ အောက်ခြေရှိ iSpeak Austin ကတ်ကို လှီးဖြတ်ပြီး တစ်ဝက်ခေါက်လိုက်ပါ။ သင့်ပိုက်ဆံအိတ် သို့မဟုတ် လက်ကိုင်အိတ်ထဲတွင် သယ်ဆောင်ပြီး ဝန်ဆောင်မှုများ ရယူရာတွင် ဘာသာစကား အကူအညီကို တောင်းဆိုရန် သုံးပါ။

2) သင့်ဖုန်းထဲသို့ pdf ကို တိုက်ရိုက်ဒေါင်းလုဒ်ဆွဲပြီး ဝန်ဆောင်မှုများ ရယူရာတွင် ဘာသာစကား အကူအညီ တောင်းဆိုရန် အသုံးပြုဖို့ သိမ်းဆည်းပါ။

3) ကတ်ကို စခရင်ရှော့(တ်) ရိုက်ပြီး လိုအပ်သည့်အခါ အသုံးပြုရန် သင့်ဖုန်းတွင် သိမ်းဆည်းထားပါ။

4) စာကြည့်တိုက်တွင် လာယူပါ။ အခမဲ့ ပိုက်ဆံအိတ်ကတ်များကို Austin အများပြည်သူ စာကြည့်တိုက် သို့မဟုတ် Austin ရှိ ရုံးခွဲ အခု 20 တွင် တွေ့နိုင်ပါသည်။ သင့်ဘာသာစကားဖြင့် ကတ်များ မရနိုင်ပါက စာကြည့်တိုက်မှူးက ကတ်ပုံနှိပ်ထုတ်ရာတွင် သင့်ကို ကူညီနိုင်ပါသည်။

မှတ်ချက်- သင့်ဘာသာစကားသည် အောက်ပါ စာရင်းတွင် မပါဝင်ပါက၊ Austin မြို့တော် ဘာသာစကား ရယူအသုံးပြုမှု အဖွဲ့ထံ တောင်းဆိုချက် ပေးပို့ပါ။

ဘာသာစကား ရယူအသုံးပြုခွင့် ကတ်များ

မြန်မာစကား (PDF, 484KB)

All Other Languages

iSpeak ဘာသာစကား ရယူအသုံးပြုခွင့်ကတ်ကို အသုံးပြုနည်း (ဗီဒီယို)

ရုံးခန်း ကုန်ကြမ်းပစ္စည်းများ

အောက်ပါ အချက်အလက်များသည် ဖုန်းဖြင့် စကားပြန်ဆိုခြင်းမှတဆင့် စကားပြန်ဆိုရေး ဝန်ဆောင်မှုများ ရနိုင်ကြောင်း အသိပေးခြင်းဖြင့် ဘာသာစကား ဝန်ဆောင်မှုများကို ပံ့ပိုးပေးနိုင်ပါသည်။ အချက်အလက်အားလုံးကို အခမဲ့ ဒေါင်းလုဒ်ဆွဲနိုင်သည်။

ဤရင်းမြစ်များကို သင့်ဌာန သို့မဟုတ် အဖွဲ့အစည်းအတွက် ကနဦးဆက်သွယ်သည့်အချိန်တွင် ရှင်းလင်းသော ပြသမှုဖြင့် ထားရှိပါ။

ရုံးခန်း ကုန်ကြမ်းပစ္စည်းများ

လက်ကမ်းစာစောင်

ပိုစတာ

ဒက်စတော့ ပြသမှု

 

iSpeak ရုံးခန်း ကုန်ကြမ်းပစ္စည်းများကို အသုံးပြုနည်း (ဗီဒီယို)