အရေးပါ်အခြေအနေတွင် ၉-၁-၁ ခေါ်ဆိုရန် မတုံ့ဆိုင်းပါနှင့်။ ဤ၀က်ဆိုဒ်မှ မည်သည့်အချိန်တွင် ၉-၁-၁ ခေါ်ဆိုသင့်သည်ကို သင်နားလည်ရန် အထောက်အကူပြုမည်ဖြစ်ပြီး၊ ဖုန်းလက်ခံဖြေကြားသူများမှ သင်တို့ရှိရာဆီ ကနဦးတုံ့ပြန်မှုပြုလုပ်သူများ အမြန်ဆုံးစေလွှတ်နိုင်ရန် သင့်ဖက်မှ ဘာလုပ်ရမည်ကို ကူညီပေးလိမ့်မည်။ သက်ဆိုင်ရာရဲများ၊ အရေးပေါ် ကျန်းမာရေး နှင့် စိတ်ကျန်းမာရေး ၀န်ဆောင်မှုများကို ၂၄ နာရီ တရက်၊ တပတ် ၇ ရက် ရယူနိုင်ပါသည်။
အရေးပေါ်အခြေအနေဆိုတာ ဘာလဲ?
အရေးပေါ်အခြေအနေသည် အခြေအနေများအပေါ်မူတည်ပြီး လူတဦးတယောက်ချင်းစီ မတူပဲကွဲပြားနိုင်သည်။ သို့သော် အယောက်စီတိုင်း အကူအညီ ရယူရန်အတွက် ၉-၁-၁ ကို ကျိန်းသေ ခေါ်ဆိုသင့်သော အချိန်များလည်းရှိပါသည်။ အောက်ပါအခြေအနေ အချိန်အခါများ ဖြစ်ပွားပါက ၉-၁-၁ ကို ချက်ခြင်းခေါ်ဆိုပါ -
- အသက်ဘေး သို့မဟုတ် အိုးအိမ် အန္တရာယ်တခုခု
- မီးလောင်မှုတခုခု
- ဒုစရိုက် မှုခင်းတခုခု ဖြစ်ဖွားနေခြင်း
- ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေ
- တစုံတယောက်မှ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၀န်ဆောင်မှု လိုအပ်ခြင်း
ဖုန်းခေါ်ဆိုမှု မလုပ်နိုင်ပါက၊ ၉-၁-၁ သို့ စာပို့ပါ။ စာများသာလျှင်ပိုနိုင်မည်၊ ဓါတ်ပုံများ သို့မဟုတ် ဗီဒီယိုရုပ်သံများ မပါပါ။ ယခုလက်ရှိတွင် ၉-၁-၁ ကို စာပို့ခြင်းသည် အင်္ဂလိပ်စာအားဖြင့်သာ ရရှိနိုင်သည်။
သင်ဖုန်းခေါ်ဆိုသည့်အခါ ဘာပြောရမလဲ?
အရေးကြီးသည့်အရာများထဲမှ သင်လုပ်နိုင်သည့်အရာတခုမှာ တည်ငြိမ်စွာ ဆက်နေရန်ဖြစ်သည်။ ဘာဖြစ်ပျက်နေသည်၊ သင်၏ တည်နေရာ လိပ်စာ၊ သိသာထင်ရှားသည့် လမ်းဆုံလမ်းခွများ သို့မဟုတ် အထင်ကရ အဆောက်အဦး စသည်တို့ကို အတတ်နိုင်ဆုံး ရှင်းလင်းပြတ်သားစွာဖြင့် ပြောဆိုတင်ပြပါ။ ဤအချက်အလက်များ ပေးနိုင်ခြင်းအားဖြင့် ဖုန်းလက်ခံဖြေ ကြားပေးသူများမှ ကနဦးတုံ့ပြန်သူများကို အခင်း၌ အမြန်နိုင်ဆုံးစေလွှတ်ရန် ကူညီပေးလိမ့်မည်။ ၉-၁-၁ ၏ အဓိကအကျ ဆုံး ဦးစားပေးမှုမှာ သင့်အတွက်လိုအပ်သော အကူအညီပေးအပ်ရန် ဖြစ်သည်။ ဖုန်းလက်ခံဖြေကြားပေးသူများအနေဖြင့် သင်တို့၏ နိုင်ငံတွင်းနေထိုင်မှု အခြေအနေများကို လုံး၀ မေးမြန်းမည်မဟုတ်သလို စိတ်ပူစရာကိစ္စမဟုတ်ပေ။
အရေးပေါ်အခြေအနေမဟုတ်သည့် အရင်းအမြစ်များ
သင့်တွင် ချက်ခြင်း အရေးပေါ်အခြေအနေ တခုခုမရှိသော်ငြားလည်း ထောက်ပံ့ကူညီမှုဆက်လက်လိုအပ်ပါ မြောက်များစွာ သော အရင်းအမြစ်များစွာ ရရှိနိုင်ပါသည်။
Austin ၃-၁-၁
၃-၁-၁ သို့မဟုတ် ၅၁၂-၉၇၄-၂၀၀၀ ကို နှိပ်ပါ
၃-၁-၁ ကို နှိပ်သည့်အခါ သင့်ခေါ်ဆိုမှုမှာ Austin မြို့၏ သံတမန်မှ လက်ခံဖြေကြားပေးပါသည်။ သံတမန်များအနေဖြင့် သင်တို့၏ Austin မြို့နှင့်ဆိုင်သည့် ဌါနဆိုင်ရာများ သို့မဟုတ် ၀န်ဆောင်မှုများ နှင့်ပတ်သက်သော မည်သည့်ပြဿနာမဆို မေးခွန်းများဖြေကြားပေးခြင်း သို့မဟုတ် ကူညီပေးခြင်းတို့ကို ပြုလုပ်ပေးရန် ၂၄ နာရီ တရက်၊ တပတ် ၇ ရက်၊ ၃၆၅ ၇က် တနှစ်ပတ်လုံး ရှိနေပါသည်။ Austin မြို့၏ ၀န်ဆောင်မှုများကို သင့်အနေဖြင့် complete a Service Request online ၌လည်း အွန်လိုင်းမှတဆင့် ဖြည့်စွက်တောင်း ဆိုနိုင်ပါသည်။ Austin 3-1-1 mobile app ဖုန်း အက်ပလေကေးရှင်းကို အသုံးပြုပြီး လမ်းချိုင့်ခွက်များ၊ နံရံတွင် လက်ဆော့ထားသည့် စာ/ပုံများ၊ ထွက်ပြးသွားသည့် ခွေးများ နှင့် တခြားကိစ္စရပ်များ သတင်းပို့ခြင်းပြုလုပ်နိုင်ပါသည်။ ယင်းတို့၏၀န်ဆောင်မှုများကို ပိုမိုသိရှိလိုပါက Austin ၃-၁-၁ ၀က်ဆိုဒ် website သို့ ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။
iReport Austin
ireportaustin.com ၀င်ရောက်ပါ
အရေးပေါ်မဟုတ်သည့် အဖြစ်အပျက်များကို Ausint ရဲဌာန (APD) သို့ ၂၄ နာရီ တရက်၊ တပတ် ၇ ရက် တနှစ်ပတ်လုံး APD ၏ အွန်လိုင်းမှတဆင့် သတင်းပေးပို့သည့် စနစ် ireportaustin.com ကို အသုံးပြုခြင်းအားဖြင့် သင်သတင်းပေး ပို့နိုင်ပါသည်။ ယင်းစနစ်သည် အခင်းဆက်လက်ဖြစ်ပွားခြင်းမရှိတော့သည့် ကိစ္စရပ်များအတွက်ဖြစ်ပြီး၊ သံသယရှသူ(များ) သည့် အခင်းဖြစ်ပွားရာနေရာတွင် မရှိတော့ခြင်း သို့မဟုတ် မမြင်သာတော့ခြင်း နှင့် ချက်ခြင်းလက်ငင်း အသက် သို့မဟုတ် အိုးအိမ် အန္တရာယ်တခုခုခြိမ်းခြောက်မှုမရှိသည့် အခြေအနေမျိုးအတွက် ဖြစ်သည်။ ဤကဲ့သို့ သတင်းပေးပို့ချင်း ဥပမာများမှာ -
- ကိုယ်ထိလက်ရောက် ကျူးလွန်မှု သို့မဟုတ် ခြိမ်းခြောက်မှုများ
- ခြိမ်းခြောက်မှုများ (အကြမ်းဖက်ဆိုင်ရာ ခြိမ်းချောက်မှု နှင့် ကိုယ်ထိလက်ရောက် ခြိမ်းခြောက်ခြင်း)
- အိမ်ဖောက်ထွင်းမှု
- ရာဇ၀တ်မှုဆိုင်ရာ ဒုက္ခပေးခြင်း
- လိမ်လည်မှု
- အနှောက်အယှက်ပေးခြင်း
- ကားတိုက်မှုဖြစ်ပြီး တဖက်ကားမောင်းသူမှ အခင်းဖြစ်သည့်နေရာမှ ရှောင်ပြေးသွားခြင်း (တိုက် ပြီး ထွက်ပြေး)
- မော်တော်ယဥ် ပါ၀င်သော တိုက်မှု
- ပိုင်ဆိုင်သည့်ဥစ္စာ ပျောက်ဆုံးခြင်း
- သူခိုး
စိတ်ကျန်းမားရေးဆိုင်ရာ ၀န်ဆောင်မှုများ
၅၁၂-၄၇၂-HELP (၄၃၅၇) သို့ခေါ်ဆိုပါ
သင် သို့မဟုတ် တစုံတယောက်သည် စိတ်ကျန်းမာရေးဆိုင်ရာ ဒုက္ခကပ်ဆိုက်ရောက်ခြင်း တွေ့ကြုံနေရပါက သို့မဟုတ် စိတ်ကျန်းမာရေးဆိုင်ရာ ချက်ခြင်း ၀န်ဆောင်မှုလိုအပ်ပါက ကူညီမှုကို Integral Care မှတဆင့် ၂၄ နာရီ၊ တပတ် ၇ ရက် ၊ စိတ်ပိုင်း ကျန်းမာရေး ဒုက္ခကပ်ဆိုက်ခြင်း ဖုန်းလိုင်း ၅၁၂-၄၇၂-HELP (၄၃၅၇) ကို ခေါ်ဆိုပါ။
ရပ်ရွာအတွင်း စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ၀န်ဆောင်မှုများနှင့် ပတ်သက်ပြီး ပိုမိုသိလိုပါက Integral Care ၏ ၀က်ဘ်ဆိုဒ် websiteသို့ ၀င်ရောက်ပါ။