2023 ခုနှစ် ဇန်နဝါရီလတွ် မွမ်းမံသည်

COVID-19 အကြောင်း

Travis ကောင်တီ COVID-19 အသိုင်းအဝိုင်းအဆင့်

COVID-19 ကာကွယ်ဆေး ထိုးနှံပါ

COVID-19 စစ်ဆေးခြင်း

သင် COVID-19 ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိလျှင်

သင် COVID-19 နှင့် ထိတွေ့ခဲ့လျှင်

COVID-19 အကြောင်း

COVID-19 သည် လူလူချင်း ကူးစက်ပျံ့ပွားသော အသက်ရှူလမ်းကြောင်းဆိုင်ရာ နာမကျန်းမှုဖြစ်ပါသည်။ 
ဗိုင်းရပ်စ်သည် အသက်ရှူလမ်းကြောင်းဆိုင်ရာ အရည်စက်လေးများမှတစ်ဆင့် တစ်ဦးနှင့်တစ်ဦး နီးကပ်စွာ ထိတွေ့မှုရှိသောလူများကြားတွင် အဓိကအားဖြင့် ကူးစက်ပျံ့ပွားပါသည်။

COVID-19 ၏ မပြင်းထန်သောရောဂါလက္ခဏာများတွင် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာရည်
ယိုခြင်း၊ အနံ့ခံအာရုံ/အရသာခံအာရုံ ပျောက်ဆုံးခြင်း၊ လည်ချောင်းနာခြင်း၊ နှင့်/သို့မဟုတ် ဝမ်းသွားခြင်းတို့ ပါ
ဝင်ပါသည်။ သင့်တွင် မပြင်းထန်သည့်ရောဂါလက္ခဏာများရှိပါက သင်သည်
စစ်ဆေးမှု ခံယူခြင်း လုပ်ဆောင်
သင့်ပါသည်။ သင်သည် အသက်ရှူရခက်ခြင်း၊ ရင်ဘတ်နာကျင်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ဆေးသောက်သော်

လည်း လျော့မသွားသော အဖျားရှိနေခြင်းတို့ပါဝင်သည့် ပြင်းထန်သောရောဂါလက္ခဏာများ ရှိနေပါက 9-1-1 သို့ ဖုန်းခေါ်ပါ သို့မဟုတ် အရေးပေါ်ခန်းသို့ သွားပါ။

COVID-19 အကြောင်းကို ဤနေရာတွင် ပိုမိုလေ့လာပါ။

[အပေါ်ဆုံး]

Travis ကောင်တီ COVID-19 အသိုင်းအဝိုင်းအဆင့်

ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးစင်တာများ (CDC) စံသတ်မှတ်ချက်များအရ Travis ကောင်တီ၏ COVID-19 အသိုင်းအဝိုင်းအဆင့်သည် လက်ရှိတွင် နိမ့်ကျနေပြီ ဖြစ်သည်။

COVID-19 ကာကွယ်ဆေးများကို ပြည့်မှီစွာ (အင်္ဂလိပ်ဘာသာဖြင့်) ထိုးနှံထားသူများအတွက် အကြံပြုထောက်ခံချက်များ-

  • နိမ့်ပါးသော
    • ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ခြင်းမပြုဘဲလူစုလူဝေးများ၊ ညစာစားခြင်းနှင့် စျေးဝယ်ထွက်ခြင်းတို့တွင် ပါဝင်မှု။
  • အလယ်အလတ်
    • ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ခြင်းမပြုဘဲလူစုလူဝေးများ၊ ညစာစားခြင်းနှင့် စျေးဝယ်ထွက်ခြင်းတို့တွင် ပါဝင်မှု။ လူအများနှင့် ခပ်ခွာခွာနေ၍မရနိုင်သောအခါတွင် နှာခေါင်းစည်းတပ်မှု။
  • မြင့်မားသော
    • ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်၍လူစုလူဝေးများ၊ ညစာစားခြင်းနှင့် စျေးဝယ်
      ထွက်ခြင်းတို့တွင် ပါဝင်မှု။

အန္တရာယ် ရှိသူများအတွက် (အင်္ဂလိပ်ဘာသာဖြင့်)အကြံပြုထောက်ခံချက်များ-

  • နိမ့်ပါးသော
    • ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ခြင်းမပြုဘဲလူစုလူဝေးများ၊ ညစာစားခြင်းနှင့် စျေးဝယ်ထွက်ခြင်းတို့တွင် ပါဝင်မှု။
  • အလယ်အလတ်
    • ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်၍ လူစုလူဝေးများ၊ ညစာစားခြင်းနှင့် စျေးဝယ်
      ထွက်ခြင်းတို့တွင် ပါဝင်မှု။
  • မြင့်မားသော
    • ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်၍ လူစုလူဝေးများ၊ ညစာစားခြင်းနှင့် စျေးဝယ်
      ထွက်ခြင်းတို့တွင် ပါဝင်မှု။

အဆင့်တိုင်းတွင် အံကိုက်ဖြစ်သော နှာခေါင်းစည်း တပ်ဆင်ခြင်းနှင့် လူအများနှင့် ခပ်ခွာခွာနေခြင်းကို ကျင့်သုံး
ခြင်းတို့ကို COVID-19 ပျံ့ပွားမှုအား တားဆီးရန်အတွက် ထပ်ဆောင်း ကာကွယ်မှုအလွှာများအဖြစ် APH က အားပေးထောက်ခံထားပါသည်။ နိမ့်သောအဆင့်များ၌ပင် မိမိ၏အန္တရာယ်အဆင့်မှ အသိပေးထားသည့်အတိုင်း ကိုယ်ကြိုက်နှစ်သက်မှုအပေါ်တွင် အခြေခံ၍ နှာခေါင်းစည်းကို ဝတ်ဆင်နိုင်ပါသည်။ ရောဂါလက္ခဏာ ရှိနေသူများ၊ ကိုဗစ်ကူးစက်ခံရကြောင်း စစ်ဆေးသိရှိထားသူများ၊ သို့မဟုတ် COVID-19 ကူးစက်ထားသူနှင့် ထိတွေ့ထားသည့်လူများသည် နှာခေါင်းစည်း ဝတ်ဆင်သင့်ပါသည်။ 

[အပေါ်ဆုံး]

COVID-19 ကာကွယ်ဆေးထိုးနှံပါ

အသက် 6 လနှင့်အထက်ရှိသူတိုင်းသည်COVID-19 ကာကွယ်ဆေးထိုးနှံရန် သတ်မှတ်ချက်ပြည့်မီပါသည်။ အသက်အရွယ်အုပ်စုအများစုအတွက် အရှိန်မြှင့်ထိုးဆေးများကို အကြံပြုထားပါသည်။

Austin အများပြည်သူ ကျန်းမာရေးသည် ရပ်ရွာအသိုင်းအဝိုင်းအတွင်းရှိ ရွေ့လျားဆေးခန်းများနှင့်
Tots/Big Shots နေရာများတွင် ထိုးနှံပေးသည်-- ရက်ချိန်းပြုလုပ်ရန် 512-972-5520 ကို ဖုန်းခေါ်ဆိုပါ။
APH သည် အောက်ပါတို့အပါအဝင် လက်ရှိတွင် ခွင့်ပြုထားသော COVID-19 ကာကွယ်ဆေးများအား
လုံးကို ထိုးနှံပေးပါသည်-

  • Pfizer: အသက် 6 လနှင့်အထက်ရှိသူတိုင်း။
  • Moderna- အသက် 6 လနှင့်အထက်ရှိသူတိုင်း။
  • Novavax- အသက် 12 နှစ်နှင့်အထက်ရှိသူတိုင်း။
  • Johnson & Johnson- အချို့သော ကန့်သတ်  အခြေအနေများ*ရှိ အသက် 18 နှစ်နှင့်အထက်ရှိသူတိုင်း။

*မှတ်ချက်- APH တွင် J&J ၏ COVID-19 ကာကွယ်ဆေးများ မရှိတော့ပါ။ အဆိုပါကာကွယ်ဆေး ထိုးနှံထားသူများကို mRNA အရှိန်မြှင့်ကာကွယ်ဆေးထိုးနှံရန် တိုက်တွန်းထားပါသည်။

ရွေ့လျားကာကွယ်ဆေးထိုးအစီအစဉ် (MVP) သည် ရပ်ရွာအသိုင်းအဝိုင်း-သတ်မှတ်နေရာများတွင် သီးခြား
အုပ်စုများအတွက် COVID-19 ကာကွယ်ဆေးများ ထိုးနှံပေးပါမည်။ သင်သည် သင့်အဆောက်အအုံရှိ
ပေါ့ပ်အပ်ဆေးခန်းတစ်ခုတွင် ရက်ချိန်းယူရန် စိတ်ဝင်စားပါက ဤ Austin အများပြည်သူကျန်းမာရေး ရွေ့လျားကာကွယ်ဆေးထိုးအစီအစဉ် ဖောင်ကို ကျေးဇူးပြု၍ ဖြည့်စွက်ပါ။

သင့်အနီးအနားရှိ ကာကွယ်ဆေးထိုးနှံပေးသူကို ရှာဖွေရန် Vaccines.gov (စပိန်ဘာသာအတွက် Vacunas.gov) တွင် ဝင်ရောက်ကြည့်ရှုပါ။

သင့် COVID-19 ကာကွယ်ဆေးများကို ပြည့်မီစွာထိုးနှံပါ

သတ်မှတ်ချက်ကိုက်ညီပါက သင့်အတွက်အကြံပြုထားသော အဓိကကာကွယ်ဆေးအတွဲများနှင့် အရှိန်မြှင့်ထိုး
ဆေးများအားလုံးကို သင်လက်ရှိရရှိပြီးပါက သင့် COVID-19 ကာကွယ်ဆေးများကို ပြည့်မီစွာထိုးနှံထားခြင်း
ဖြစ်သည်။
ကာကွယ်ဆေးအကြံပြုချက်များ (အင်္ဂလိပ်ဘာသာဖြင့်) ် သင့်အသက်အရွယ်၊ သင်ပထမဆုံး
ထိုးနှံသည့်ကာကွယ်ဆေးနှင့် နောက်ဆုံးဆေးကြိမ်ထိုးနှံပြီးအချိန်တို့ပေါ်တွင် မူတည်၍
ပြောင်းလဲနိုင်ပါသည်။ နောက်ဆုံးရ (နှစ်မျိုးတွဲ) အရှိန်မြှင့်ထိုးဆေးများအပါအဝင် သင်၏ COVID-19 ကာကွယ်ဆေးများ ပြည့်မီခြင်းရှိမရှိ ဆုံးဖြတ်နိုင်ရန် CDC ၏ အွန်လိုင်းကိရိယာ ကို အသုံးပြုပါ။

[အပေါ်ဆုံး]

COVID-19 စစ်ဆေးခြင်း

သင်သည် COVID-19 ရောဂါလက္ခဏာများခံစားနေရပါက ကာကွယ်ဆေးထိုးအခြေအနေမည်သို့ပင်ရှိစေကာမူ စစ်ဆေးမှုပြုလုပ်သင့်သည်။ သင်သည် ရောဂါလက္ခဏာများ ခံစားနေရပါက သို့မဟုတ် ဗိုင်းရပ်စ်နှင့်ထိတွေ့
မှုရှိခဲ့နိုင်သည့်အလားအလာရှိပါက သင်သည် အံကိုက်ဖြစ်သော နှာခေါင်းစည်းတပ်ဆင်ပြီး စစ်ဆေးမှု

ပြုလုပ်သင့်သည်။ သင့်ရောဂါလက္ခဏာများ ပြင်းထန်ပါက 911 သို့ဖုန်းခေါ်ဆိုပါ။

COVID-19 စစ်ဆေးသည့် ကိရိယာငယ်များကို စာတိုက်မှအခမဲ့ နောက်တစ်ကြိမ်ပေးပို့ခြင်းကို ပစ္စည်းလက်ကျန်ရှိချိန်အတွင်း covid.gov/tests (covid.gov/es/tests in Spanish, covid.gov/zh/tests in Simplified Chinese)မှတစ်ဆင့် ယခုဆောင်းရာသီတွင် ရရှိနိုင်ပါသည်။U.S အိမ်ထောင်စုတိုင်းသည် အိမ်သုံးစစ်ဆေးသည့် ကိရိယာငယ် 4 ခု အခမဲ့ မှာယူနိုင်ပါသည်။

အခမဲ့ rapid antigen စစ်ဆေးသည့် ကိရိယာငယ်များကို APH Neighborhood Center များတွင် ပစ္စည်းလက်ကျန်ရှိချိန်အတွင်း ရရှိနိုင်ပါသည်။

ကျန်းမာရေးနှင့် လူသားဝန်ဆောင်မှုဌာနသည် အနီးအနားရှိ ရပ်ရွာအခြေပြု စစ်ဆေးခြင်း ရွေးချယ်စရာများကို သင်ရှာဖွေနိုင်အောင် ကူညီပေးမည့် ပေါ်တယ် တစ်ခုကို ပြုလုပ်ပေးထားပါသည်။

အခမဲ့ စစ်ဆေးခြင်းရင်းမြစ်များနှင့်ပတ်သက်သည့် နောက်ထပ်အချက်အလက်များကို COVID.gov/tests တွင်လည်းကောင်း၊ 1-800-232-0233 (TTY 1-888-720-7489) သို့ ဖုန်းခေါ်ဆိုခြင်းဖြင့်လည်းကောင်း  ရှာဖွေနိုင်သည်။

Austin ဧရိယာရှိ COVID-19 စစ်ဆေးခြင်းနှင့်ပတ်သက်၍ ဤနေရာတွင် ပိုမိုလေ့လာပါ

 [အပေါ်ဆုံး]

သင် COVID-19 နှင့် ထိတွေ့ခဲ့ပါက

သင့်ကာကွယ်ဆေးထိုး အခြေအနေ သို့မဟုတ် သင့်တွင် ယခင်က ပိုးကူးစက်ဖူးခြင်းရှိမရှိတို့နှင့် မသက်ဆိုင်ဘဲ ဤအဆင့်များကို ဆောင်ရွက်ပါ-

  •  သင်ရောဂါပိုးနှင့်ထိတွေ့ခဲ့ကြောင်း သိလျှင်သိချင်း နှာခေါင်းစည်း (အင်္ဂလိပ်ဘာသာဖြင့်) တပ်ပါ
  • နေ့ 0 သည် သင် COVID-19 ရှိသူတစ်ဦးနှင့် နောက်ဆုံးထိတွေ့ခဲ့သည့်နေ့ဖြစ်သည်
  • နေ့ 1 သည် သင်နောက်ဆုံးထိတွေ့ပြီးနောက် ပထမဆုံး တစ်ရက်အပြည့်ဖြစ်သည်
  • ဆက်လက်၍ 10 ရက်အပြည့် ကြိုတင်ကာကွယ်ပါ။ သင်သည် ရောဂါပိုးနှင့်ထိတွေ့ပြီးနောက် 10 ရက်ကြာအထိ COVID-19 ဖြစ်ပွားနိုင်ပါသေးသည်
  • သင် ရောဂါလက္ခဏာများ မခံစားရလျှင်ပင် သင်နောက်ဆုံးရောဂါပိုးနှင့် ထိတွေ့ပြီးနောက် အနည်းဆုံး 5 ရက်ပြည့်ချိန်တွင် စစ်ဆေးမှုပြုလုပ်ပါ။
  • သင့်တွင် ရောဂါပိုးမရှိဟု စစ်ဆေးတွေ့ရှိလျှင်-
    • နေ့ 10 အထိ ဆက်လက်၍ ကြိုတင်ကာကွယ်မှုများပြုလုပ်ပါ
    • အိမ်တွင်းနှင့် အများဆိုင်နေရာများရှိ အခန်းတွင်းတွင် အခြားသူများအနီးရှိနေချိန်တွင် အရည်
      အသွေးမြင့် နှာခေါင်းစည်းတပ်ပါ
    • သင်သည် ရောဂါပိုးနှင့်ထိတွေ့ပြီးနောက် 10 ရက်ကြာအထိ COVID-19 ဖြစ်နိုင်ပါသေးသည်။
  • သင့်တွင် ရောဂါပိုးရှိသည်ဟု စစ်ဆေးတွေ့ရှိလျှင် -

[အပေါ်ဆုံး]

သင့်တွင် COVID-19 ရောဂါပိုးရှိသည်ဟု စစ်ဆေးတွေ့ရှိလျှင်

ကာကွယ်ဆေးထိုး အခြေအနေ မည်သို့ပင်ရှိသည်ဖြစ်စေ သင့်တွင် COVID-19 ရှိပါက အခြားသူများနှင့် သီးသန့်ခွဲ
နေသင့်သည်။
သင်သည် နေမကောင်းဖြစ်ပြီး သင့်တွင် COVID-19 ရှိနေသည်ဟု သံသယဖြစ်သော်လည်း
စစ်ဆေးမှု အဖြေများမရသေးပါကလည်း သင် သီးသန့်ခွဲနေသင့်ပါသည်။

သင့်တွင် ရောဂါလက္ခဏာများမရှိပါက (အင်္ဂလိပ်ဘာသာဖြင့်) -

  • နေ့ 0 သည် သင်စစ်ဆေးမှုပြုလုပ်သည့်နေ့ဖြစ်သည် (သင်၏ ရောဂါပိုးတွေ့ရှိကြောင်း အဖြေရရှိသည့်နေ့မဟုတ်ပါ)
  • နေ့ 1 သည် သင်ရောဂါပိုးစစ်ဆေးသည့်နေ့ပြီးနောက် ပထမဆုံး ရက်အပြည့်ဖြစ်သည်။
  • သင့်တွင် ရောဂါလက္ခဏာများ မပြသေးပါက နေ့ 5 ပြီးနောက်တွင် သီးသန့်ခွဲနေခြင်းကို အဆုံးသတ်နိုင်သည်။
  • သင်သည် ရောဂါပိုးစစ်ဆေးပြီး 10 အတွင်း ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက နာရီသည် ရောဂါလက္ခဏာစတင်သည့်နေ့ကို နေ့ 0 အဖြစ် ပြန်လည်စတင်မည်ဖြစ်သည်။

သင့်တွင် ရောဂါလက္ခဏာများ ရှိပါက (အင်္ဂလိပ်ဘာသာဖြင့်)-

  • နေ့ 0 သီးသန့်ခွဲနေခြင်းသည် သင် ရောဂါပိုးရှိသည်ဟု စစ်ဆေးတွေ့ရှိခြင်းနှင့်မသက်ဆိုင်ဘဲ ရောဂါလက္ခဏာ စတင်ဖြစ်ပေါ်သည့် နေ့ဖြစ်သည်။
  • နေ့ 1 သည် သင့်ရောဂါလက္ခဏာများ စတင်သည့်နေ့နောက်ပိုင်း ပထမဆုံး တစ်ရက်အပြည့်ဖြစ်သည်။
  • သင်သည် အောက်ပါတို့ဖြစ်လျှင် နေ့ 5 နောက်ပိုင်းတွင် သီးသန့်ခွဲနေခြင်းကို အဆုံးသတ်နိုင်သည် -
    • သင်သည် 24 နာရီကြာ အဖျားကင်းစင်လျှင် (အဖျားကျဆေးများ အသုံးမပြုဘဲ)
    • သင့်ရောဂါလက္ခဏာများသက်သာလာလျှင်
  • သင့်တွင် အဖျားရှိနေသေးလျှင် သို့မဟုတ် အခြားရောဂါလက္ခဏာများ မသက်သာလေးပါက သက်သာ
    လာသည်အထိ ဆက်လက်သီးသန့်ခွဲနေပါ။
  • သင့်တွင် COVID-19 ကြောင့် အသင့်အတင့်နာမကျန်းမှုရှိခဲ့လျှင် (အသက်ရှူရပ်ခြင်း သို့မဟုတ် အသက်
    ရှူရခက်ခြင်း) သို့မဟုတ်
    ပြင်းထန်နာမကျန်းမှုဖြစ်ခဲ့လျှင် (ဆေးရုံတက်ရောက်ရခြင်း) သို့မဟုတ် သင့်တွင် အားနည်းသည့်ကိုယ်ခံအားစနစ်ရှိလျှင် သင်သည် နေ့10 အထိ သီးသန့်ခွဲနေရန် လိုအပ်ပါသည်။
  • သင့်တွင် ပြင်းထန်နာမကျန်းမှုဖြစ်ခဲ့လျှင် သို့မဟုတ် အားနည်းသည့် ကိုယ်ခံအားစနစ်ရှိလျှင် သီးသန့်ခွဲနေ
    ခြင်းအဆုံးမသတ်မီ သင့်ဆရာဝန်နှင့် ဆွေးနွေးပါ။ ဗိုင်းရပ်စ်စစ်ဆေးမှုမရှိဘဲ သီးသန့်ခွဲနေခြင်းကို အဆုံး
    သတ်ခြင်းသည် သင့်အတွက် ရွေးချယ်စရာတစ်ခုမဟုတ်ပါ။
  • သင့်ရောဂါလက္ခဏာများမှာ အသင့်အတင့် သို့မဟုတ် ပြင်းထန်သည်ဟု သင်မသေချာပါက သို့မဟုတ် သင့်တွင် အးနည်းသည့်ကိုယ်ခံအားစနစ်ရှိလျှင် နောက်ထပ်ညွှန်ကြားချက်များအတွက် ကျန်းမာရေး
    စောင့်ရှောက်မှုပေးသူတစ်ဦးနှင့် ဆွေးနွေးပါ။

သင့်တွင် COVID-19 ရှိကြောင်း စစ်ဆေးတွေ့ရှိလျှင် အိမ်တွင် အနည်းဆုံး 5 ရက်နေပြီး သင့်အိမ်ရှိအခြားသူများနှ
င့်သီးသန့်ခွဲနေပါ။ သင်သည် ပထမ 5 ရက်အတွင်း ရောဂါပိုးအကူးစက်ဆုံးဖြစ်နိုင်သည်။